Mastering Modern World History, 4th Ed.

PDF-file by Norman Lowe

Mastering Modern World History, 4th Ed. PDF ebook download ကျောင်းသားသုံးပါ။ သမိုင်းပညာရှင်အမျိုးမျိုးရဲ့ ကွဲလွဲချက်အချို့ကိုလည်း ထည့်ပေးထားလို့ တတ်နိုင်သလောက် ကြားနေတဲ့ သမိုင်းလို့ ဆိုနိုင်ပါတယ်။ ပထမ-ဒုတိယ ကမ္ဘာစစ်၊ ကုလသမဂ္ဂ၊ တရုတ်၊ ရုရှ၊ အမေရိကန်သမ္မတ အဆက်ဆက်၊ ကပ်စထရိုနဲ့ ကျူးဘား၊ တီတိုးနဲ့ ယူဂိုဆလပ်ဗ်၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာ၊ ပြီးတော့ အစ္စရေး၊ သိသင့်သိထိုက်တာမှန်သမျှ အကြမ်းဖျင်း အားလုံးပါတယ်။ ကျောင်းသုံးစာအုပ်ဆန်သော်လည်း အလွန်စိတ်ဝင်စားဖို့ကောင်းပြီး (ကျွန်တော့်အနေနဲ့တော့) လက်ကမချနိုင်ဘူး။ သမိုင်းဖြစ်ရပ်တစ်ခုမှာ ဘယ်သူ့ကိုအပြစ်တင်သင့်သလဲ (Who was to be blamed?) ဆိုတဲ့ ခေါင်းစဉ်အောက်က ခြုံငုံသုံးသပ်ချက်တွေကလည်း ကျောင်းသားတွေအတွက် အရာဝင်လှတယ်။ အမေးအဖြေတွေနဲ့ လေ့ကျင့်ခန်း၊ ပြီးတော့ ခေတ်အလိုက် သတင်းစာများမှာ ပါခဲ့တဲ့ ကာတွန်းလေးတွေ၊ အကုန် နှစ်သက်စရာကောင်းတယ်။
အထူးစိတ်ဝင်စားမိတာက တရုတ်ပြည်ကြီးအကြောင်း၊ ရုရှားအကြောင်း၊ အမေရိကန်အကြောင်း။ သတိပြုမိတဲ့ ထူးခြားချက်တစ်ခုက သုံးထားတဲ့ အင်္ဂလိပ်စာ အရေးအသားဟာ ရှင်းလင်းပြေပြစ်လှပြီး ခပ်နိမ့်နိမ့်ရေးထားတာမျိုးလည်း မဟုတ်ပြန်ဘူး။ (ဟုတ်သော်ရှိမဟုတ်သော်ရှိ) တောင်ပြောမြောက်ပြော စကားပြောဖို့ လိုအပ်တဲ့၊ ၀ါသနာပါတဲ့ လူတွေအတွက် ဖတ်ကို ဖတ်ထားသင့်တဲ့စာအုပ်။ အကြိမ်ကြိမ်ပြန်လည်ဖတ်ရှု၊ တိုက်ဆိုင်စဉ်းစား သင့်တဲ့ စာအုပ်။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ ရှိပြီးသား ဉာဏ်ရည်ကို တစ်ဆင့်ထက်မြှင့်ဖို့ ဖတ်ထားရမယ့် စာအုပ်။

eBook Mastering Modern World History, 4th Ed.

FilenameFormatSizeDownload
mastering_modern_world_history_4th_ed.pdfPDF4.8 Mb
mastering_modern_world_history_4th_ed.rarRAR-archive4.32 Mb
mastering_modern_world_history_4th_ed.torrenttorrent0.08 Mb